Google Flow Music

သုံးသပ်ချက် ၃၈၅
အကြောင်းအရာကို အမှတ်ပေးခြင်း
လူတိုင်း
၁ သိန်း+
ဒေါင်းလုဒ်များ
အကြောင်းအရာကို အမှတ်ပေးခြင်း
လူတိုင်း
ပိုလေ့လာရန်
ဖန်သားပြင်ပုံ
ဖန်သားပြင်ပုံ
ဖန်သားပြင်ပုံ
ဖန်သားပြင်ပုံ
ဖန်သားပြင်ပုံ
ဖန်သားပြင်ပုံ

ဤအက်ပ်အကြောင်း

Google Flow Music စတူဒီယိုသို့ ဝင်ရောက်လိုက်ပါ

Google Flow Music သည် Google ၏ ထိပ်တန်း AI တေးဂီတမိုဒယ်များကို သင့်လက်တစ်ကမ်းသို့ ယူဆောင်ပေးပါသည်။ ပထမဆုံး သံစဉ်ကို ရေးစပ်သည်ဖြစ်စေ၊ ဂီတအမျိုးအစား အသစ်စက်စက်ကို တီထွင်သည်ဖြစ်စေ Google Flow Music က သင့်ကို စိတ်ကူးစီးဆင်းမှုအပြည့် ရရှိစေပါမည်။

ပရော့မ်ဖြင့် စတင်ပါ
အရည်အသွေးမြင့် ထုတ်လုပ်မှုဖြင့် အစွမ်းထက်ဆုံး တေးဂီတဖန်တီးမှုအတွေ့အကြုံကို ခံစားလိုက်ပါ။ သီချင်းစာသား (သို့) ရိုးရှင်းသော တူရိယာသံဖြင့် စတင်ပြီးနောက် Gemini ပံ့ပိုးထားသော အဆင့်မြင့်ဖန်တီးမှု ထိန်းချုပ်စနစ်များဖြင့် သင့်အသံကို အဆင့်ဆင့်မွမ်းမံပြင်ဆင်ပါ။ စိတ်ကြိုက်အသံအထူးပြုလုပ်ချက်များ ထည့်သွင်းရန်နှင့် သီချင်းအရှည်များ ထုတ်လုပ်ရန် Producer ကို “ဘေ့စ်သံ ပိုပြင်းအောင်လုပ်ပါ” (သို့) “သီချင်းစာသားကို အသံဩဩဖြင့် သီဆိုပါ” ဟု ပြောရုံသာဖြစ်သည်။

အသံကို ဆန်းသစ်ပါ
သင့်တေးသွားများကို အပ်လုဒ်လုပ်ပါ။ သီဆိုမှု၊ ခံစားမှု စသည်တို့ကို ပြောင်းလဲပါ။ သင့်အသံကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် ‘ပြန်ဆိုတေး’၊ ‘အစားထိုးမှု’၊ ‘တိုးချဲ့မှု’ တို့ကို သုံး၍ ဆန်းသစ်ပါ။

ဖန်တီးရာနေရာများ
‘ဖန်တီးရာနေရာများ’ ကို အသုံးပြု၍ သင့်စိတ်ကူးထဲရှိသမျှကို ဖန်တီးပါ။ စိတ်ကြိုက်အသံ ပလတ်အင်များ၊ တေးဂီတဂိမ်းများ (သို့) ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ထားသော DAW များ ပြုလုပ်နိုင်သည်။ သင့်နေရာ၊ သင့်ကုဒ်။ မီနီအက်ပ်များကို ပိုမိုကျယ်ပြန့်သော ကွန်မြူနတီက အသုံးပြုနိုင်၊ ဆန်းသစ်နိုင်ရန် မျှဝေပါ။

တေးဂီတဗီဒီယိုများ
သင့်ကိုယ်ပိုင် တေးဂီတဗီဒီယိုများကို ဖန်တီးပါ။ သင့်သီချင်းနှင့်အတူ အသံကို တိုက်ရိုက်အသက်ဝင်စေရန် နောက်ဆုံးထွက် Veo ဗီဒီယိုမိုဒယ် သုံးပါ။ ဇာတ်ကောင်၊ အနုပညာဟန်နှင့် အသေးစိတ်တိုင်းကို သင်ထိန်းချုပ်နိုင်သည်။

ဖန်တီးထားသည်များကို မျှဝေပါ
ပလေးလစ်များ ပြုလုပ်ပါ။ သီချင်းများ ထုတ်ဝေပါ။ အကြိုက်ဆုံး ဂီတပညာရှင်များကို လိုက်ကြည့်ပြီး ဂီတအသစ်ကို နေ့စဉ် စူးစမ်းလေ့လာပါ။ Google Flow Music သည် သင့်အနုပညာဟန်ကို လေ့လာပြီး သင်နှင့်အတူ ပိုကောင်းလာပါမည်။ ပိုမိုဖန်တီးလေ သင့်ကိုယ်ပိုင်အသံကို ၎င်းက ပိုမိုနားလည်လာလေ ဖြစ်သည်။

ယနေ့ ဘာဖန်တီးမလဲ

အသုံးပြုမှုစည်းမျဉ်းများ- https://policies.google.com/terms
ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ- https://policies.google.com/privacy
ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်- https://www.flowmusic.app/privacynotice
သီချင်းထုတ်လုပ်ခြင်း၊ ဂီတဗီဒီယိုရိုက်ခြင်း၊ တူရိယာအတွက် ကုဒ်ရေးခိုင်းခြင်း စသည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၆ အောက် ၂၉

ဒေတာ ဘေးကင်းလုံခြုံရေး

ဆော့ဖ်ဝဲရေးသူများက သင့်ဒေတာအား စုစည်းပုံနှင့် မျှဝေပုံကို နားလည်ခြင်းမှစ၍ လုံခြုံမှု စတင်သည်။ ဒေတာလုံခြုံမှုနှင့် လုံခြုံရေးလုပ်ဆောင်မှုများသည် သင်၏အသုံးပြုမှု၊ ဒေသနှင့် အသက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆော့ဖ်ဝဲရေးသူက ဤအချက်အလက်ကို ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
  • မည်သည့်ဒေတာကိုမျှ ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်းမရှိပါ
    ဆော့ဖ်ဝဲရေးသူများ၏ မျှဝေမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်
  • ယခုအက်ပ်သည် ဤဒေတာအမျိုးအစားများကို စုဆောင်းနိုင်သည်
    တည်နေရာ၊ကိုယ်ရေးအချက်အလက် နှင့် အခြား ၇ ခု
  • ဒေတာကို အသွင်ဝှက်၍ အကူးအပြောင်းလုပ်သည်
  • ဒေတာများဖျက်ရန် တောင်းဆိုနိုင်သည်

အဆင့်သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း

သုံးသပ်ချက် ၃၇၀

အသစ်များ

Android အတွက် Google Flow Music က ကြိုဆိုပါသည်။